Teeth (2007)
~ IMDb – 5.4/10, Rotten Tomatoes – 80% ~
အခုတလော ရေပန်းစားနေတဲ့ ထူးထူးခြားခြား Horror ကားလေး ရပါပြီနော်။
ဘယ်လ်ိုရေပန်းစားလဲဆိုတာကတော့ ပြောရမယ်ဆိုရင် သွားတော့သွား၊ ဒါပေမဲ့ စမူသွားလေးပေါ့။
ဇာတ်လမ်းလေးကတော့ ဒေါင်းဆိုတဲ့ ကောင်မလေးတစ်ယောက်မှာ စမူသွားလေးတွေ မွေးကတည်းက ပါလာပါတယ်။ သူဟာ ကြီးပြင်းလာတဲ့အခါ အိမ်ထောင်မပြုခင် လိင်ဆက်ဆံတဲ့အမှုကို ရှောင်ကြဉ်တဲ့ အဖွဲ့ဝင်ထားတဲ့အပြင် သူကိုယ်တိုင်လည်း တက်ကြွစွာကျင့်သုံးသူပါ။
တစ်နေ့မှာတော့ တိုဘီဆိုတဲ့ကောင်လေးနဲ့ ဆုံရင်း သဘောကျမိကြပါတယ်။ ရေကန်မှာ ရေသွားကူးကြပြီး ဂူထဲရောက်သွားချိန် လူငယ်တို့သဘာဝ ချစ်ကြည်နူးကြရင်း…. ကောင်းခန်းမရောက်ချင်တော့တဲ့ ဒေါင်းလေးက ရုန်းကန်…. တိုဘီကလည်း အတင်းအကြပ်လုပ်တော့ စမူသွားလေးတွေ အစွမ်းပြလိုက်တဲ့အခါ…..
ဒေါင်းအတွက် ဒီသွားတွေက ကောင်းချီးတစ်ခုလား ကျိန်စာတစ်ခုဖြစ်လေမလား…
လက်တွေ့ဘဝမှာလည်း အမျိုးသမီးတိုင်းမှာသာ ဒေါင်းလို စမူသွားလေးတွေ ပါလာမယ်ဆိုရင်တော့ မုဒိန်းကောင်တွေလည်း တော်တော် နောက်တွန့်နေမယ်လို့ တွေးမိရင်း ကြည့်ရှုခံစားလိုက်ကြပါဦး…
(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)
Size – 2.3GB, 1GB,
Quality – 1080p, 720p
IMDb Rating – 5.4/10
Format – mp4
Duration – 1H 34Min
Genre – Comedy, Fantasy, Horror
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Y