ဒီတစ်ကားကတော့ အမေရိကန်နင်ဂျာရဲ့ ဒုတိယအပိုင်းဆက်ပါ။
ဒုတိယပိုင်းမှာကတော့ ကျွန်းတစ်ကျွန်းကို သံတမန်ရေးရာ သွားရောက်နေတဲ့ ရေတပ်ဌာနက ရေတပ်သားတွေ ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားလို့ ကျည်းတပ်ကို အကူအညီတောင်းတဲ့အတွက် ဂျိုးနှင့် ဂျက်ဆန်ကို စစ်တပ်ဘက်က လွှတ်လိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါမှာ ရေတပ်သားတွေလေးယောက် ပြန်ပေးဆွဲခံထားရပြီး ဒီကိစ္စဟာလည်း သွေးရိုးသားရိုး မဟုတ်တဲ့အတွက် လိုက်လံစုံစမ်းတဲ့ကြပါတော့တယ်။
ဒီအချိန်မှာ ရေတပ်သားတစ်ယောက်ဖြစ်တဲ့ တေလာက ရေတပ်ကို သစ္စာဖောက်နေပြီး ခြင်္သေ့ဆိုတဲ့လူကြီးကို ပြန်ပေးဆွဲမှုတွေမှာ ကူညီလုပ်ကိုင်ပေးနေကြောင်း ဂျိုးတစ်ယောက် သိလာရပါတော့တယ်။ ဒီလိုနဲ့ တေလာ့ကို ရအောင်မေးရာကနေ ခြင်္သေ့ဆိုတာ မုတ်ဆိတ်နက်ကျွန်းကိုပိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးကို အကြီးအကျယ်ကုန်သွယ်နေပြီး ရလာတဲ့ပိုက်ဆံတွေကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ လူသားနင်ဂျာတွေဖန်တီးတဲ့ဆီမှာ သုံးနေတာကို သိလိုက်ရတဲ့အခါ ဂျိုးတစ်ယောက် ရေတပ်နဲ့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးကုန်သွယ်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲဖန်တီးမှုတွေကို ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဖိုင်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တော့မယ်ဆိုရင် ပထမကားကို ကြည့်ပြီးသားဖြစ်မှာမို့လို အထူးတလည်ညွန်းစရာမလိုတော့ပါဘူး။ ဒီတော့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။
File size…(2.4 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:30:00
Genre…Action
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Matteo